<img height="1" width="1" style="display:none" src="https://www.facebook.com/tr?id=543066029363661&amp;ev=PageView&amp;noscript=1">

Boarding

ဘော်ဒါဆောင်ဖွင့်လှစ်ခြင်း။

Dulwich College Yangon သည် ၂ဝ၁၉ခုနှစ် ဩဂုတ်လတွင် ကျောင်းအိပ်ကျောင်းစား အဆောင်နေ ပံ့ပိုးမှုအစီအစဉ်အသစ်ကို စတင်မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ဤအစီအစဉ်သည် အသက် ၁၁နှစ်မှ ၁၅နှစ်ကြား ကျောင်းသားကျောင်းသူများအတွက် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများသည် အရည်အသွေးမြင့် အဆောင်များတွင် နေထိုင်မှုရရှိမည်ဖြစ်ကာ ထိုအဆောင်သည် ကျောင်းဝန်းမှ မီတာ၂ဝဝခန့် ကွာဝေးသော ဘေးကင်းလုံခြုံ၍ ငြိမ်သက်အေးချမ်းပြီး စိမ်းလန်းသော Star City အိမ်ရာမြေကွက်တွင် တည်ရှိပါသည်။ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးအတွက် ဆရာဝန် အချိန်ပြည့်ထားရှိပေးမည်ဖြစ်ပြီး အတွေ့အကြံုရှိသော အဆောင်မှူးနှစ်ဦးတို့ အပါအဝင် ထိန်းကျောင်းစောင့်ကြပ်သော အဖွဲ့တစ်ဖွဲ့ ရှိနေမည်ဖြစ်ပါသည်။

မိမိအိမ်နှင့်မခြား

အဆောင်သည် ဗြိတိသျှကျောင်းဆောင်ပုံစံဖြစ်ပါမည်။ ကျောင်းသားကျောင်းသူများသည် အခြားကျောင်းသားကျောင်းသူများအားလုံးနှင့်အတူ ကျောင်းတက်ရောက်ရပါမည်။ သို့သော် အဆောင်တွင် အိပ်ရပါမည်။ အသက်အရွယ်ပေါ် မူတည်၍ ၂ဦးမှ ၄ဦး အုပ်စုခန်းများ (အိပ်ဆောင်များ) ဖြင့် အိပ်စက်ကြရပါမည်။ သို့သော် အိပ်စက်ရန် တစ်နေရာနှင့်တစ်နေရာ ဝေးကွာပါလိမ့်မည်။ စာလေ့လာရန် ကျောင်းသားကျောင်းသူများအတွက် နေရာများကိုလည်း စီစဉ်ပေးထားပါသည်။ အပန်းဖြေအနားယူရန် ဧည့်ခန်းတစ်ခန်း ထားရှိပါမည်။ ညနေခင်းများနှင့် ပိတ်ရက်များတွင် Star City ကျောင်းဝန်း၌ များစွာသော လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များကိုလည်းစီစဉ်ပေးထားပါသည်။ အိုလံပစ် အရွယ်အစားရှိသော ရေကူးကန်တစ်ကန်၊ သင်ကြားလေ့ကျင့်ရေး ရေကူးကန်တစ်ကန်၊ နှစ်ဆကြီးမားသည့် အားကစားရုံတစ်ရုံ၊ ကျယ်ပြန့်သော ကစားကွင်းများနှင့် ဂေါက်ကွင်းတစ်ခုလညး ပါရှိပါသည်။ ရန်ကုန်မြို့လယ်ခေါင်နှင့် မိနစ်၃ဝခန့်လောက်သာ ကွာဝေးသော ကျွနု်ပ်တို့ကျောင်းတွင် မိမိတို့၏ ကလေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကမ္ဘာအဆင့်မီ သင်ရိုးများဖြင့် သင်ကြားနိုင်ပြီ ဖြစ်ပါသည်။

အမှီအခိုကင်းမဲ့စွာ နေထိုင်နိုင်ခြင်း။

အသစ်အသစ်သော အရည်အချင်းများ ဖွံ့ဖြိုးလာစေရန်နှင့် မိမိကိုယ်ကိုယ် မှီခိုအားထားမှု ရှာဖွေတွေ့ရှိလာစေရန် Dulwich ၌ ကျောင်းသားကျောင်းသူများအားလုံးကို အခွင့်အရေးများ ပေးအပ်ထားပါသည်။ အထူးသဖြင့် ဤအချက်သည် အဆောင်နေသူများအတွက် မှန်ကန်ပါမည်။ ဖွဲ့စည်းတည်ဆောက်ထား၍ ဘေးကင်းလုံခြုံမှု အထောက်အပံ့များပေးထားသော ပတ်ဝန်းကျင်တစ်ခုတွင် ကျောင်းသားကျောင်းသူများ နေထိုင်ရမည်ဖြစ်ပါသည်။ သို့သော် မိမိကိုယ်မိမိ စီစဉ်ဆောင်ရွက်ခြင်းကို သင်ကြားလေ့လာရပါမည်။ ၎င်းတို့ကိုယ်တိုင်အတွက် ချက်ပြုတ်ရန် အခွင့်အလမ်းများ၊ အချိန် စီမံဆောင်ရွက်ခြင်းနှင့် အမှီခိုကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု အခွင့်အလမ်းများလည်း ရှိပါမည်။ ဤပံ့ပိုးမှုသည် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရန် ရည်မှန်းထားသော ကျောင်းသားကျောင်းသူများအတွက် အကောင်းဆုံးသော အောက်ခံလှေကားထစ်တစ်ခု ဖြစ်ပါသည်။

အဆင်ပြေသလိုနေထိုင်နိုင်ခြင်း ပံ့ပိုးမှု

အားလပ်ရက်များနှင့် တရားဝင်နားချိန်များတွင် အိမ်သို့ပြန်ခြင်း သို့မဟုတ် အုပ်ထိန်းသူထံသွားခြင်းများကို အချိန်ပြည့် အဆောင်နေသူများအတွက် ဖွင့်လှစ်ပေးထားပါသည်။ အပတ်စဉ် အဆောင်နေသူများသည် ကြားရက်များအတွင်း အဆောင်တွင် နေထိုင်၍ စနေနှင့်တနင်္ဂနွေပိတ်ရက်များ၌ အိမ်ပြန်ကြရမည်ဖြစ်ပါသည်။ အဆင်ပြေသလို နေထိုင်သည့် အစီအစဉ်ယူထားသော အဆောင်နေသူများသည် တစ်ပတ်လျှင် တစ်ည သို့မဟုတ် နှစ်ညနေထိုင်ရမည်ဖြစ်ပြီး ဤပံ့ပိုးမှုကို ကျောင်း၌ ပွဲများနှင့် အိမ်၌လိုအပ်သည့်အခါများတွင် စီစဉ်ပေးနိုင်ပါသည်။

လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်

အဆောင်နေ ကျောင်းသားကျောင်းသူများအားလုံးသည် အခြားကျောင်းသားကျောင်းသူများအတိုင်း ကျောင်းဝင်ခွင့်လုပ်ငန်းစဉ်ကို ဆောင်ရွက်ရပါမည်။ ထိုကျောင်းသားကျောင်းသူများသည်လည်း ပညာသင်ဆုကို လျှောက်ထားနိုင်ပါသည်။