Founders' Bursary

 

Dulwich College Yangon သည် ၂ဝ၁၉ ဇန်နဝါရီလမှ စတင်၍ ကျောင်းလခများကို ပြန်လည် ပြင်ဆင် ရေးဆွဲထားပါသည်။

Founders’ Bursary –  ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ ကျွနု်ပ်တို့၏ လက်ရှိကျောင်းသား မိဘအုပ်ထိန်းသူများနှင့် အနာဂတ်ကျောင်းသားမိဘအုပ်ထိန်းသူများ၏ ယုံကြည်မှုနှင့် လက်ရှိလက်တွဲခဲ့သော မိဘအုပ်ထိန်းသူများနှင့် မိဘအုပ်ထိန်းသူအသစ်များကို အသိအမှတ်ပြုသည့် အနေဖြင့် အမေရိကန်ဒေါ်လာ $5,000 ကို Founders’ Bursary  ပညာသင်ဆုအနေဖြင့် ချီးမြှင့်မည့် အစီအစဉ် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိတို့တိုင်းပြည်ရှိ ကျောင်းသားကျောင်းသူများအတွက် ကောင်းမွန်သော အခြားနှင့်မတူသော အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။  Founders’ Bursary ပညာသင်ဆု ချီးမြှင့်မည့်အတွက် ကျောင်းလခများကို အောက်ဖော်ပြပါအတိုင်း လျော့ချထားပါသည်။

 Book1

 

လျှောက်လွှာကြေး           $ 250 USD ပြန်ထုတ်ပေးမည်မဟုတ်ပါ။
လျှောက်လွှာကြေးသည် ကျောင်းဝင်ခွင့်အတွက် ကျောင်းသားကျောင်းသူများ၏ ဝင်ခွင့် စမ်းသပ်စစ်ဆေးခြင်းမတိုင်မီတွင်သာ ပေးချေရမည် ဖြစ်ပါသည်။
စရန်ငွေ $3,000 USD ပြန်ထုတ်ပေးပါမည်။* ($ 3000 ပြန်လည်ထုတ်ပေးခြင်းကို Term တစ်ခု ကြိုတင်လျှောက်လွှာတင်၍ အသိပေးရန် လိုအပ်ပါသည်။)
ကျောင်းသို့ မဝင်ရောက်မီ ကျောင်းသားလက်ခံခြင်းအပေါ် စရန်ငွေကို ကြိုတင် ေပးချေရပါသည်။ ကျောင်းသားကျောင်းသူသည် ကျောင်းမှ ထွက်သည့်အချိန်တွင် ထိုစရန်ငွေကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ (Term တစ်ခု ကြိုတင်လျှောက်လွှာတင်၍ အကြောင်းကြားရမည် ဖြစ်ပါသည်။) စာသင်ကာလအတွင်း ကျန်ငွေများနှင့် ပေးရန်ကျန်ရှိသောငွေကြေးများကိုလည်း နှုတ်ယူပါမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။


Capital Levy              တစ်နှစ်လျှင် $1,500 (ပြန်ထုတ်ပေးမည်မဟုတ်ပါ။)
Toddlers များအတွက် မပေးရပါ။ F1 နှင့်အထက်အတန်းများအတွက်သာ ဖြစ်ပါသည်။
ကျောင်းသားကျောင်းသူများသည် Term 2 မှစ၍ တက်ရောက်လျှင် Capital Levy $1,000 ကြိုတင်ပေးချေရပါမည်။ သို့မဟုတ် ကျောင်းသားကျောင်းသူသည် Term 3 မှစ၍ တက်ရောက်လျှင် $500 ကြိုတင်ပေးချေရပါမည်။ ထိုငွေများသည် ပြန်လည်ထုတ်ပေးမည်မဟုတ်သလို လွှဲပြောင်း၍ရမည်လည်းမဟုတ်ပါ။ စဉ်ဆက်မပြတ် ပြုပြင်တည်ဆောက်ခြင်း၊ ကျောင်းသုံးပစ္စည်းများနှင့် အထောက်အကူပြုသောအဆင့်မြှင့်ကျောင်းဆောင်ကို ဆောက်လုပ်ရန် ငွေကြေးရန်ပုံငွေများအဖြစ် ဆောက်လုပ်ရေး ကုန်ကျစရိတ်များအတွက် ဤ Capital Levy ကို အသုံးပြုပါသည်။


Notice of Leaving
မည်သည့်ကျောင်းသားကျောင်းသူမဆို ကျောင်းမှထွက်မည်ဆိုလျင် ကျောင်းအုပ်ဆရာကြီးထံသို့ Term တစ်ခု ကြိုတင်၍ စာရေးသားရန် လိုအပ်ပါသည်။ ကျောင်းသားကျောင်းသူသည် Term အဆုံးတွင်ထွက်ရှိမည်ဆိုပါက ထို Term၏ ပထမဦးဆုံးရက်တွင် နောက်ဆုံးထားပြီး အကြောင်းကြားခြင်းကို ပေးပို့ရမည် ဖြစ်ပါသည်။ Term တစ်ခု မပြည့်ဘဲအကြောင်းကြားပါက စရန်ငွေကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။


Sibling Discount
တစ်ချိန်တည်းတွင် DCY ၌ အပ်နှံသော ညီအစ်ကိုမောင်နှမအရင်းများအတွက် ကျောင်းလခလျှော့ဈေးကို အောက်ပါအတိုင်း ရရှိနိုင်မည်ဖြစ်ပါသည်။ 
တတိယမြောက်ကလေး                                            ထိုကလေးအတွက် ၅%
စတုတ္ထမြောက်ကလေးနှင့် ယင်းနောက်ပိုင်းကလေးများ ထိုကလေးတစ်ဦးစီအတွက် ၁ဝ%


ကျောင်းကားဝန်ဆောင်မှု
Dulwich College Yangon သည် ဤဝန်ဆောင်မှုကို လိုအပ်သော ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းကားစီစဉ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ဝေးသောနေရာများနှင့် ကျောင်းသားသုံးဦးထက် နည်းပါးသော ခရီးစဉ်များအတွက် ဤဝန်ဆောင်မှုကို ရရှိနိုင်မည် မဟုတ်ပါ။ ကားလမ်းကြောင်းများနှင့် ကားခများ၏ အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။
ကျောင်းဝတ်စုံ 
ကျောင်းသားကျောင်းသူများအားလုံးသည် Dulwich College ကျောင်းဝတ်စုံကို ဝတ်ဆင်ရပါမည်။ ကျောင်းဝတ်စုံများကို တစ်ဦးချင်း ဈေးနှုန်းသတ်မှတ်ထားပြီး ကျောင်း၌ ဝယ်ယူနိုင်ပါသည်။