<img height="1" width="1" style="display:none" src="https://www.facebook.com/tr?id=543066029363661&amp;ev=PageView&amp;noscript=1">

Scholarships

ပညာသင်ဆုများ


Dulwich College Yangon သည် ပညာရေးဆိုင်ရာ အရည်အသွေးများနှင့် ကိုယ်ရည်ကိုယ်သွေး ထူးချွန်မှုတို့ ရရှိစေရန် ထူးခြားသော အခွင့်အလမ်းများကို ကျောင်းသားကျောင်းသူများအား ပေးအပ်လျက်ရှိပါသည်။ ဤကဲ့သို့ စိတ်အားထက်သန်မှုများဖြင့် ကျောင်းသားကျောင်းသူများကို ပညာသင်ဆုများအား နှစ်စဉ် ပေးအပ်သွားမည် ဖြစ်ပါသည်။

တစ်ဦးချင်းစီ အတွက် အရေးပါမှု
Dulwich College Yangon ၌ ပညာထူးချွန်မှုသည်သာလျှင် အောင်မြင်မှုဟု သတ်မှတ်ထားခြင်း မရှိပါ။ အခြားသော သက်ဆိုင်ရာ နယ်ပယ်များ၌ ထူးချွန်သော ပါရမီရှင်များကို ချီးမြှင့်ထောက်ပံ့ပေးကာ အောင်မြင်မှုအဆင့်များ ပိုမိုမြင့်မားလာအောင် တိုက်တွန်းအားပေးမှုများ ပြုလုပ်ပေးပါသည်။

ပညာသင်ဆု
Dulwich College Yangon မှ ၂ဝ၁၉ - ၂၀၂ဝ စာသင်နှစ်ကာလ (၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နှင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ အကြား မွေးဖွားသော ကျောင်းသားကျောင်းသူများ) (Years 7, 8, 9 နှင့် 10) သို့ တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ၂ဝကျော် ကို ပေးအပ်လျက်ရှိပါသည်။ ဤ ပညာသင်ဆုများကို ပညာရေးစွမ်းဆောင်ရည်အတွက်သာမက တေးဂီတ၊ အနုပညာနှင့် အားကစားများတွင် ထူးချွန်မှုများပေါ်တွင် အခြေခံကာ ပေးအပ်သွားမည် ဖြစ်ပါသည်။ ပညာသင်ဆုများသည် စုစုပေါင်း ကျောင်းလခရဲ့ ၅၀ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပေးအပ်မည် ဖြစ်သော ပညာသင်ဆုများသည် ကျောင်းသားကျောင်းသူများ၏ ထူးချွန်စွာဆောင်ရွက်နိုင်မှုပေါ်တွင် မူတည်မည် ဖြစ်ပါသည်။

လျှောက်ထားနိုင်မှု အစီအစဉ်
ပညာသင်ဆု လျှောက်ထားသူများအားလုံးသည် ပဏာမ လျှောက်လွှာတင်ခြင်းအား ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားကျောင်းသူများသည် အဘယ်ကြောင့် Dulwich ၌ ပညာသင်ကြားလိုကြောင်း၊ ကျောင်းအတွက် မည်သည့်ပါဝင်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပညာသင်မှုပြီးဆုံးသည့်အခါ ဆောင်ရွက်ရန် မျှော်မှန်းထားသည်များကို အကြမ်းဖျင်းဖော်ပြရမည် ဖြစ်သော လျှောက်လွှာတစ်စောင်ကို လက်ရေးဖြင့် ရေးသားတင်ပြရန်လည်း လိုအပ်ပါမည်။ ထို့အပြင် လက်ရှိတက်ရောက်နေသော ကျောင်းမှ ထောက်ခံစာများကို ပေးပို့ရမည် ဖြစ်ပါသည်။ ထို့နောက်တွင် Dulwich College Yangon မှ ပဏာမ ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများကို ကွန်ပျူတာဖြင့် ဖြေဆိုရမည် ဖြစ်သော စစ်ဆေးမှုများနှင့် လက်ဖြင့်ရေးသားဖြေဆိုရမည် ဖြစ်သော စစ်ဆေးမှုများပါဝင်သော အကဲဖြတ်စာမေးပွဲအား ဖြေဆိုရန် ဖိတ်ခေါ်မည်ဖြစ်ပါသည်။ အားကစား၊ တေးဂီတ သို့မဟုတ် အနုပညာ စသည့် အထူးပြုပင်ကိုစွမ်းရည်တစ်ခုခုကို စစ်ဆေးမှုများလည်း ရှိမည် ဖြစ်ပါသည်။ စီနီယာ ဆရာဆရာမများမှ အကဲဖြတ်စစ်ဆေးမှုများအား ဖြေဆိုရန် ဖိတ်ခေါ်ခံရသော လျှောက်ထားသူများအား တွေ့ဆုံမေးမြန်းမှုများလည်း ရှိမည် ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် နောက်ဆုံးရက်စွဲသည် ၂ဝ၁၉ခုနှစ် မတ်လ ၁၁ရက်၊ တနင်္လာနေ့ မွန်းတည့် ၁၂ နာရီ ဖြစ်ပါသည်။

သက်ဆိုင်ရာအရည်အချင်းများအလိုက် အကဲဖြတ်စိစစ်ခြင်းများကို ဖေဖော်ဝါရီလကုန် နှင့် မတ်လအစတွင် စတင် ဆောင်ရွက်မည်ဖြစ်ပါသည်။